(မှုခင်း) ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်၊ လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၇/၁)နှင့် (၁၇၇/၂)ကြားတွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ခရီးသည်တင်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ချောက်ထဲကျခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အခင်းဖြစ်နေရာသို့ လွိုင်လင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ နမ့်စန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၁၁ ဦးအနက် ကျား ၃ ဦးနှင့် မ ၆ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား ၁ ဦး(သေဆုံး)တို့အား လွိုင်လင်ခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ် ၁ စီး၊ နမ့်စမ်မြို့နယ် ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ် ၁ စီးနှင့် “တောင်တန်းလူငယ်”ပရဟိတအသင်းမှ သူနာတင်ယာဉ် ၁ စီးတို့ဖြင့် လွိုင်လင်ခရိုင် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။