


(မှုခင်း)ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ (၇)လမ်းတွင် ယနေ့ မွန်းတည့်၁၂နာရီ၂၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်သည့်နေရာသို့ မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းတည့်၁၂နာရီ ၅၉မိနစ် အချိန် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၅)ဦး(စိုးရိမ်ရ)နှင့် မ(၁)ဦး (မစိုးရိမ်ရ)တို့အား ဗောတိလူမှုကူညီရေးအသင်းနှင့် အလင်္ကာလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ် (၂)စီးတို့ဖြင့် မအူပင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။