(ပြည်တွင်း) ဇန်နဝါရီ ၅
ကလောနှင့်ရွှေညောင်ရှိ ရှုမျှော်ခင်းများ ကြည့်ရှုနိုင်ရန် ကလော-ရွှေညောင်-ကလောအတွက် Sightseeing Package နဲ့ စင်းလုံးငှားရထားခရီးစဉ်များကို အထူးရထားတွဲဆိုင်းများ တပ်ဆင်၍ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့ မီးရထားမှ သိရပါတယ်။

အဆိုပါရထားခရီးစဉ်က သာစည်- ရွှေညောင်- တောင်ကြီး ရထားလမ်းပိုင်းအတွင်းရှိ တောင်ကြီး-ပေါမူ- တောင်ကြီး ခရီးစဉ်ကဲ့သို့ Sight-Seeing ရထားခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိပါတယ်။
ရထားခရီးစဉ်များကို ဒီဇင်ဘာလကုန်ပိုင်းမှစတင်၍ အပတ်စဉ်စနေနှင့် တနင်္ဂနွေရုံးပိတ်ရက်များတွင် ပုံမှန် ပြေးဆွဲလျက်ရှိကာ ဟဲဟိုးဘဝသံသရာတံတားကို လေ့လာကြည့်ရှုခြင်း၊ လမ်းခရီးရှိ ရေမြေတောတောင်သဘာဝ ရှုခင်းများကို လေ့လာကြည့်ရှုခြင်းနှင့် ဒေသန္တရဗဟုသုတများရရှိစေရန် ပြေးဆွဲပေးခြင်းဖြစ်ပါတယ်။
ပြေးဆွဲပေးမယ့် အထူးရထားများက ခရီးသည် ၄၀ ဦး လိုက်ပါစီးနင်းနိုင်မည့် မြင်းကောင်ရေ ၂,၀၀၀ အားရှိ ဒီဇယ်စက်ခေါင်းတပ် ရထားတွဲများဖြစ်ပြီး ခရီးသည် ၁၅ ဦး လိုက်ပါ စီးနင်းနိုင်တဲ့ ရိုးရိုးတန်းတစ်တွဲ၊ အထက်တန်း နှစ်တွဲနှင့် ရထားထိန်းတွဲတစ်တွဲ ပါဝင်ပါတယ်။

အထူးရထားတွဲဆိုင်းကို Package နဲ့ စင်းလုံးငှားရမ်းခက ကလော-ရွှေညောင်အသွားအပြန် လူတစ်ဦးလျှင် ရိုးရိုးတန်း ငွေကျပ် ၃၀,၀၀၀၊ အထက်တန်းငွေကျပ် ၅၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှစတင်၍ ပြေးဆွဲပေးလျက် ရှိပါတယ်။
ကလော-ရွှေညောင်အသွားအပြန်ခရီးစဉ်အတွက် စိတ်ပါဝင်စားတဲ့ ခရီးသွားကုမ္ပဏီများ၊ ခရီးသွားအေဂျင်စီများ၊ ပုဂ္ဂလိကကျောင်းများသည့် ရထားအဆိုင်းလိုက်(စင်းလုံး)ငှားရမ်းလိုပါက မြန်မာ့မီးရထားသို့ ဖုန်းဖြင့်ဆက်သွယ် နိုင်ကြောင်း သိရပါတယ်။
#PAN