သရုပ်ဆောင် ပြေတီဦးနဲ့ ဒါရိုက်တာဝိုင်းကို ကာလုံက စည်သူဘွဲ့ချီးမြှင့်

( ပြည်တွင်း) ဒီဇင်ဘာ ၃

ရုပ်ရှင်သရုပ်ဆောင်တွေဖြစ် ပြေတီဦး၊ ဝိုင်း အပါအဝင် ဝါရင့်သရုပ်ဆောင်ကြီးတစ်ချို့ကို နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက စည်သူဘွဲ့တွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ကြည်ကြည်ဌေး၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မို့မို့မြင့်အောင်၊ ရန်အောင်၊ မေသန်းနုတို့အပြင် နေတိုး၊ ပြေတီဦးနဲ့ ဒါရိုက်တာ ဦးသုခ၊ မောင်တင်ဦး၊ ဝိုင်း တို့ကို စည်သူဘွဲ့တွေချီးမြှင့်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၆ နဲ့ ၂၀၂၆ ခုနှစ် ဒီနေ့ ဇန်နဝါရီလ ၄ လွတ်လပ်ရေးနေ့မှာ ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။

နိုင်ငံတော်အတွက်ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူတွေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူတွေကို နိုင်ငံတော်ယာယီသမ္မတက ဂုဏ်ထူးဆောင်ဘွဲ့တွေနဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းယင်းကျောင်းတိုက်က ဘဒ္ဒန္တခေမာစာရ (ကျိုင်းယင်းဆရာတော်)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းလည်း စည်သူဘွဲ့ ရရှိခဲ့ကြပါတယ်။

စာရေးဆရာ ဦးအုန်းဖေ(တက်တိုး)၊ ဦးစိုးညွန့်(ထီလာစစ်သူ) နဲ့ ဆိုင်းဆရာတွေဖြစ်ကြတဲ့ စိန်ဗိုလ်တင့်၊ စိန်စတင်း၊ အတတ်ပညာရှင်တွေထဲမှာတော့ ဂီတလုလင်ဦးကိုကို၊ သန်းညွန့်(ပန်းသာ)၊ဇော်မင်း(ဟံသာမြေ)၊ ချစ်မင်းလူ၊ ကျောက်ဖြူ(ပဒေသာ)၊ ကိုကိုဌေး(ထိပ်တန်း) တို့ရရှိခဲ့ကြတာလို့ သိရပါတယ်။

#PAN