( ပြည်တွင်း) ဒီဇင်ဘာ ၃
ရွေးကောက်ပွဲအပိုင်း ၂ ထဲမှာပါဝင်တဲ့ ပဲခူးတိုင်းအနောက်ပိုင်းက ပေါက်ခေါင်းမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၃ ရက်နေ့ကစတင်ကာ ကြိုတင်မဲတွေ စတင်ပေးနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ ပေါက်ခေါင်းမြို့ အမှတ် ၅ ရပ်ကွက် မဲရုံ (၁) မှာမဲစာရင်းပါပြီး ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ကြမယ့်သူတွေ ကြိုတင်မဲစတင်မဲပေးနေကြတာလို့လည်း သိရပါတယ်။

အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် မြို့နယ်ပေါင်း ၁၀၀ မြို့နယ်မှာ
ကျင်းပမှာဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီးထဲက ၁၂ မြို့နယ်ပါဝင်မှာဖြစ်ပါတယ်။

#PAN