ရွေးကောက်ပွဲအပိုင်း (၁) ကချင်ပြည်နယ် မြို့နယ် ၆ မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရ

(ပြည်တွင်း) ဒီဇင်ဘာ ၃၀

ဒီဇင်ဘာ ၂၈ ရက်နေ့ကကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကချင်ပြည်နယ်မှာ မြို့နယ် ၆ မြို့နယ်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး စတဲ့မြို့နယ်တွေမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လည်းအနိုင်ရရှိသလို အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေပါအနိုင်ရထားတာဖြစ်ပါတယ်။

ရွေးကောက်ပွဲရလာဒ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပိုင်း ၃ ပိုင်းလုံးအပြီးမှာ ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#PAN