ရေးမြို့ပေါ်မှာ ရဲတပ်ကြပ်တစ်ဦးပစ်ခတ်ခံရ

(မှုခင်း) ဒီဇင်ဘာ ၃၀

PDF အကြမ်းဖက်တွေက ချောင်းမြောင်းပစ်ခတ်တာကြောင့် မွန်ပြည်နယ် ရေးမြို့က ရဲတပ်ကြပ်တစ်ဦး ရရှိတဲ့ဒဏ်ရာနဲ့သေဆုံးသွားတယ်လို့ သိရပါတယ်။

ရေးခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ဖုန်းမြင့်ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၄ ခွဲအချိန့်က ဆိုင်ကယ်နဲ့တစ်ဦးတည်းပြန်လာချိန် ရေးမြို့ ၊ သီရိခေမာရပ်ကွက်၊ ရာဇာ့ဓိရာဇ်လမ်းက ဆွမ်းလောင်းဓမ္မာရုံအနီးမှာ နောက်ဘက်က ဆိုင်ကယ်တစ်စီးနဲ့လိုက်ပါလာတဲ့ အမည်မသိအမျိုးသား(၂)ဦးက သေနတ်နဲ့နီးကပ်ပစ်ခတ်တာလို့လည်း သတင်းအရင်းအမြစ်က ပြောပါတယ်။

သတင်းအရင်းအမြစ်ရဲ့ပြောဆိုချက်အရ ရဲတပ်ကြပ်ကို အကြမ်းဖက်အဖွဲ့က ၃ ချက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆေးရုံကိုတင်ပို့ချိန်မှာ ရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ သိရပါတယ်။