ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကလွဲရင် အပိုင်း ၁ မှာပါဝင်တဲ့ မန္တလေးက ၈ မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရထား

(ပြည်တွင်း) ဒီဇင်ဘာ ၂၉

၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၁)ကို ဒီဇင်ဘာ ၂၈ ရက်နေ့က မြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပခဲ့တာြဖစ်ပြီး မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၈ မြို့နယ်မှာလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ ချမ်းအေးသာစံ၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ အောင်မြေသာစံမြို့နယ်တွေက အပိုင်း(၁)မှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

စုံစမ်းသိရှိထားတဲ့အချက်အလက်တွေအရ ကျင်းပပြီးခဲ့တဲ့ အပိုင်း (၁)အတွင်း မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၈ မြို့နယ်မှာ ပြည်ခိုင်ြဖိုးပါတီက မဲအများဆုံးနဲ့နိုင်ရရှိနေတယ်လို့သိရပြီး ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် (FPTP) မှာတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မနက်အစောပိုင်း ၁ နာရီခန့်မှာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်က နေအိမ်တစ်ခုပေါ်ကို ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲအမျိုးသမီးတစ်ဦး ဗုံးကြောင့် ခြေထောက်တစ်ဖက်ပြတ်ရတာဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာ မန္တလေးမြို့ပေါ်မှာ ရှော့တိုက်ဒရုန်း ကျရောက်ပေါက်ကွဲခဲ့ပေမယ့် မဲပေးတဲ့ ပြည်သူတွေကြောက်လန့်ပြီး မဲပေးမှုလျော့ကျသွားနိုင်တယ်လို့ ယူဆထားခဲ့ကြပေမယ့် ခန့်မှန်းထားတာထက်ပိုပြီးမဲလာပေးတာတွေ့ရတယ်လို့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးတေဇကျော်က ပြောဆိုထားတာတွေ့ရပါတယ်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြွန်ကျေးရွာအုပ်စု၊ ကန်စောင့်ကျေးရွာရဲ့ မဲရုံပတ်လည်မှာ အကြမ်းဖက်အဖွဲတွေက မိုင်းထောင်ထားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေသွားရောက်ကာ မဲရုံမှာရှိတဲ့ မဲပေးစက်တွေကို သိမ်းဆည်းခဲ့ပြီး အဆိုပါမဲရုံကိုလည်း ပိတ်သိမ်းခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအပိုင်း (၁) အဖြစ် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ ကျောက်ဆည်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊  မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်နဲ့ ညောင်ဦးမြို့နယ်အပါအဝင် ၈ မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး  နိုင်ငံရေးပါတီ ၉ ပါတီ ၊ တစ်သီးပုဂ္ဂလ ၃ ဦး ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ဝဝကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသလို  တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး ပါရှိတယ်လို့ သိရပါတယ်။

#PAN