မြဝတီကို KNU ဒရော့ဗုံးနဲ့ ထိခိုက်ဒဏ်ရာရရှိမှုရှိ

(ပြည်တွင်း) ဒီဇင်ဘာ ၂၈

ရွေးကောက်ပွဲကျင်းပနေတဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို KNU/PDF က ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းက ဒရော့ဗုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

KNU/PDF တွေရဲ့ ဒရော့ဗုံးတွေဟာ ဘုရင့်နောင်လမ်းမှာရှိတဲ့ မြဝတီကြံ့ခိုင်ရေးရုံးအနီးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနီးအနားက ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၈နာရီ ၄၀မိနစ် အချိန်ခန့်မှာ ကြံ့ခိုင်ရေးရုံးအနီးကို ဒရော့ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့်

ကြံ့ခိုင်ရေးပါတီရဲ့ ခရိုင်ကော်မတီဝင်တစ်ဦး ပါတီဝင် ၂ ဦးနဲ့ ရွေးကောက်ပွဲအတွက်တာဝန်ကျနေတဲ့ လုံခြုံရေးတာဝန်ရှိသူ ၂ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြို့ပေါ်မှာ အခြေအနေတွေ ငြိမ်သက်နေပြီး ဒေသခံတွေလည်း ရွေးကောက်ပွဲမဲပေးနေကြသလို ထိခိုက်ဒဏ်ရာရရှိထားသူတွေကိုလည်း မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှူ့ခံယူနေတာ်လို့သိရပါတယ်။