ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ အောင်နိုင်ခြေ ရာနှုန်းများနေ

(ပြည်တွင်း) ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ၁ ရဲ့မဲပေးမှုဟာ မဲရုံပိတ်ချိန်ကိုရောက်ရှိနေပြီး လက်ရှိအချိန်အထိ ဒေသတစ်ချို့က မဲရုံတွေမှာပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ အနိုင်ရရှိနေတယ်လို့ သိရပါတယ်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ ပြည်ခိုင်ဖြိုးပါတ်ိရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မြင့် ကရင်ပြည်နယ်် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောမြင့်ဦး မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်က ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပြင် အနိုင်ရရှိဖို့ ရာခိုင်နှုန်းမျနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိတ္ထီလာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်း ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွန့်ဆောင်တို့လည်း ရွေးကောက်ခံရဖို့ရနှုန်းများနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ မဲပေးသူများပြနေတာကြောင့် မဲရုံပရဝဏ်အတွင်းရောက်ရှိနေသူတွေဆက်လက်မဲပေးဖို့ရှိနေပြီး မဲရုံပိတ်ချိန်ကို ၅ နာရီအထိ ရွှေ့ဆိုင်းပေးထားရတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။

#PAN