ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြိုနယ် ၄၄ မြိုနယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း

(ပြည်တွင်း) ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်(၄၄)မြိုနယ် (ကိုကိုးကျွန်းမြိုနယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့ စေရေးနှင့် လုပ်ငန်းများပိုမိုဖွံဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

သတင်းအပြည့်အစုံဖတ်ရန်….

Webpage>>…

Telegram»…

https://t.me/positiveanglenews

#PAN