(ပြည်တွင်း) ဒီဇင်ဘာ ၂၅
မြို့နယ် (၆၃ ) မြို့နယ်ပါဝင်မယ့် အထွေထွေရွေးကောက်ပွဲအပိုင်း ၃ ကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာကျင်းပမယ်လို့ UEC ကထုတ်ပြန်ပါတယ်။

UEC ရဲ့ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်က ဗန်မော်၊ မံစီ၊ မိုးမောက်၊ ဖားကန့်နဲ့ ရွှေကူမြို့နယ်တွေ ကရင်ပြည်နယ်က ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက ကနီမြို့နယ် နဲ့ဆားလင်းကြီးမြို့နယ်၊ တနင်္သါရီတိုင်းဒေသကြီးက လောင်းလုံ၊ သရက်ချောင်းနဲ့ ပုလောမြို့နယ်တွေ ပဲခူးတိုင်းဒေသကြီးက ကျောက်ကြီး ၊ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်း၊ သဲကုန်း၊ ဝေါ၊ ကြိုပင်ကောက်နဲ့ အုတ်ဖိုမြို့နယ်တွေ မန္တလေးတိုင်းဒေသကြီးက မြစ်သား၊ ချမ်းမြသာစည်၊ မလိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်း၊ သပိတ်ကျင်းနဲ့ ပုသိမ်ကြီးမြို့နယ်တွေ ရန်ကုန်တိုင်းဒေသကြီးက ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့အရှေ့ပိုင်း၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာအနောက်နဲ့ လှိုင်သာယာအရှေ့မြို့နယ်တွေ ရှမ်းပြည်နယ်က မက်မန်း၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးနဲ ကျေးသီ၊ မိုင်းရှုး၊ သီပေါ၊ ကျောက်မဲစတဲ့မြို့နယ်တွေ ဧရာဝတီတိုင်းဒေသကြီးက ရေကြည်၊ ငပုတော၊ ဒေးဒရဲ၊ ညောင်တုန်း၊ ဓနုဖြူ၊ အင်္ဂပူ၊ မော်လမြိုင်ကျွန်း၊ ဇလွန်နဲ့ လေးမျက်နှာမြို့နယ်တွေက အပိုင်း ၃ မှာပါဝင်နေပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ )ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစတင်ကျင်းပပြုလုပ်မှာဖြစ်ပြီး မြို့နယ် ( ၁၀၂ ) မြို့နယ်ပါဝင်သလို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ( ၂ ) မှာတော့ မြို့ နယ် ( ၁၀၀ ) မြို့ နယ်ပါဝင်ပါတယ်။

