ပြင်ဦးလွင် PDF ရဲ့ ဌာနချုပ်ဖြစ်တဲ့ စဉ့်ကူးမြို့ကို တိုက်ပွဲပေါင်း အကြိမ် ၅၀ နဲ့ တိုက်ယူခဲ့

(ပြည်တွင်း) ဒီဇင်ဘာ ၂၀

ပြင်ဦးလွင် PDF ရဲ့ ဌာနချုပ်ဖြစ်တဲ့ စဉ်ကူးမြို့နဲ့ အနီးတစ်ဝိုက်ကိုပြန်လည် သိမ်းပိုက်နိုင်ဖို့ တိုက်ကြီး ငယ် ပေါင်း အကြိမ် ၅၀ ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၂၂ လောင်းနဲ့ လက်နက်မျိုးစုံ ၄၇ လက်အပြင် အကြမ်းဖက်မှုတွေမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုသိမ်းစည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသတည်ငြိမ်အေးချမ်းရေး၊ ယာယိနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံတွ သူတို့ရဲ့နေရပ်တွေမှာ ပြန်လည်အခြေချနေထိုင်နိုင်ရေး စက်ရုံအလုပ်ရုံတွေပြန်လည်ဖွင့်လှစ်နိုင်ရေး နိုင်ငံစီးပွားတိုးတိက်ရေး အထောက်အကူပြုတဲ့ မြေပေါ်မြေအောက် သယံဇာတတွေ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးအတွင်း အရာရှိ စစ်သည်တစ်ချို့ နိုင်ငံအတွက်အသက်ပေးခဲ့ကြရတယ်လို့လည်း သိရပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ မတ္တရာ၊ ပြင်ဦးလွင် PDF အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ ဌာနချုပ်ဖြစ်တဲ့ စဉ့်ကူးမြို့နဲ့ လက်ပန်လှကျေးရွာ ဒေသတွေကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ဖို့အတွက် ပိတ်ဆို့ရေးအနေနဲ့ သပိတ်ကျင်း-ဝါးဖြူတောင် ကတစ်ဆင့် ဇရပ်ကွင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ပိတ်ဆို့ရှင်းလင်းခဲ့တာကြောင့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဇရပ်ကွင်းကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထို့နည်းတူ လိပ်ကျ၊ ချောင်းကြီးနဲ့ နွယ်ရုံ တစ်ဝိုက်ကိုလည်း ဆက်လက် ပိတ်ဆို့ထိန်းချုပ်ခဲ့ပြီး ရတနာသိင်္ဂီ- နားခါ-ပျဉ်းချောင်း-လမင်းသာ လမ်းကြောင်း၊ ပန်းတင်-မြကန်သာ လမ်းကြောင်း၊ မတ္တရာ-စဉ့်ကူးလမ်းမကြီး ဘယ်/ညာမှ-တရော်ပင်-ညောင်ဝန်း-သာယာကုန်း လမ်း ကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း-ကျောက်ငနွား-ရေတော်-ရွှေလှေ လမ်းကြောင်း တို့ကို စစ်ကြောင်းတွေခွဲကာ အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းခဲ့တာကြောင့်  အကြမ်းဖက်သောင်း ကျန်းသူတွေ ထိန်းချုပ်ထားတဲ့ လက်ပန်လှ ကျေးရွာတစ်ဝိုက်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

အဲ့ဒီနောက် ဒီဇင်ဘာ ၁၉ ရက်န့မှာ စဉ့်ကူးမြို့တစ်မြို့လုံးကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်လိုက်တာဖြစ်ပါတယ်။

 

ရွှေထွက်ထွက်ရှိရာဒေသဖြစ်လို့ လုပ်ကွက်တွေပေါတဲ့ စဉ့်ကူးကို PDF အကြမ်းဖက်သမားတွေက ၁၀၂၇ ဒုတိယပိုင်းမှာထိန်းချုပ်ခဲ့ကြတာဖြစ်ပြီး တရာမဝင်ရွှေတူးဖော်မှုတွေခွင့်ပြုတာတွေ ရွှေလုပ်ကွက်တွေကနေ အဆမတန် ဆက်ကြေးကောက်ယူရာက ရရှိတဲ့ငွေကြေးတွေနဲ့ ဒေသအတွင်းမှာ အကြမ်းဖက်လုပ်ငန်းတွေဆောင်ရွက်နေကြတာဖြစ်ပါတယ်။

အခုလိုအကြမ်းဖက်မှုတွေချုပ်ငြိမ်းစေဖို့အတွက် အကြမ်းဖက်ချေမှုန်း မှုစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာမှာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နဲ့ ဒေသတစ်ဝိုက်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက် မတ္တရာမြို့နယ်က ဖယောင်းတောင် သတ္တုတွင်းဒေသကို ဩဂုတ်လ ၂၄ ရက် အယ်လ်ဖာ ဘိလပ်မြေ စက်ရုံတစ်ဝိုက်ကို ဩဂုတ်လ ၂၈ ရက်နဲ့ ဆည်တော်ကြီးကျေးရွာနဲ့ ရေလှောင်တမံကို နိုဝင်ဘာလ ၇ ရက်တွေမှာ အဝေးရောက်ဒေသခံ ပြည်သူတွေရဲ့ စစ်ရေးသတင်းပေး ကူညီမှုတွေနဲ့ တစ်နေရာပြီး တစ်နေရာကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

PDF အကြမ်းဖက်သမားတွေဟာ အဲဒီဒေသမှာရှိတဲ့ ဧရာဝတီတံတား(ရတနာသိင်္ဃ)၊ ကျောက်စရစ်ကုန်းတံတား၊ ဇရပ်ကွင်းတံတား အပါအဝင် လမ်း၊ တံတားကြီးတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသလို စက်ရုံ၊ အလုပ်ရုံ တွေ ဌာနဆိုင်ရာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို လူနေအိမ်တွေမှာ ကတုတ်ကျင်းတွေ ဘန်ကာတွေတည်ဆောက်ကာ အခိုင်အမာ တပ်စွဲနေထိုင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဆည်တော်ကြီး ရေလှောင်တမံရဲ့ ဆည်ရေပိုလွှဲရေတံခါး အဖွင့်/ အပိတ် မောင်းခလုပ်၊ ဆည်တမံဘောင်နဲ့ ရေထိန်းတံခါး တို့ကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးဖို့ လုပ်ဆောင်နေတာကိုလည်း တပ်မတော်အနေက လက်မတင် အချိန်မီတားဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ PDF အကြမ်းဖက်တွေဟာ စဉ့်ကူးမြို့ကနေ ထွက်ပြေးရာမှာ ပြည်သူတွေရဲ့အဖိုးတန်ပစ္စည်းတွေကို အတင်းအဓမ္မ ယူဆောင်ခဲ့ကြသလို ရွှေ/သတ္တု ရောရာ မြေစာတွေ အဖိုးတန်ပစ္စည်းတွေ ဒေသခံ ပြည်သူတွေရဲ့  မော်တော်ယာဉ်တွေနဲ့အတူ တင်ဆောင်ကာ ဧရာဝတီမြစ်ကိုဖြတ်ကူးကာ ထွက်ပြေးဖို့ကျိုးစားတာကြောင့် လေကြောင်းနဲ့ မြေပြင်တပ်တွေကလိုက်လံရှင်းလင်းခဲ့တာကြောင့် အသေအပျောက်များနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

#PAN