(စီးပွားရေး) ဒီဇင်ဘာ ၁၃
ပြည်တွင်းရွှေဈေးနှုန်းများကို မသမာသူတချို့က ကောလာဟလများ ထုတ်လွှင့်ပြီး မတည်မငြိမ်ဖြစ်ပေါ်အောင် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောကြား ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်တွင် YGEA အသင်းရုံးအစည်းအဝေးခန်းမ၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ်(၂၇) ဖွင့်ပွဲအခမ်းအနားမှာ YGEA ဥက္ကဋ္ဌ က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိတွင် ရွှေလုပ်ငန်းလုပ်ကိုင်နေသူ ကုန်သည်များတွင် ရိုးသားစွာ ရောင်းဝယ်ကြသူများရှိသလို ၎င်းတို့ထဲမှာ မသမာလူတချို့က ကောလာဟလများ လွှင့်ထုတ်ကာ အရောင်းအဝယ်ပြုလုပ်နေခဲ့လို့ ရွှေဈေးမတည်မငြိမ် ဖြစ်နေရခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်းရွှေဈေးကွက်တွင် ရောင်းချရမည့် သတ်မှတ် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၉၈၀,၀၀၀ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၈,၉၄၀,၀၀၀ အထိ ဆွဲတင်ခံထားရသဖြင့် ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၂၉ သိန်းခွဲကျော် ပိုများနေခြင်းဖြစ်ကြောင်းနှင့် ကောလာဟလများနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအသင်းကနေ သတင်းအမှားများ အားလုံးကို သတင်းအမှားဖြစ်ကြောင်း ထုတ်ပြန်ပေးလျက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
“မသမာသူတချို့ရဲ့ ကောလာဟလများကြောင့် ရွှေဈေးမတည်မငြိမ်ဖြစ်ပေါ်နေကြောင်း YGEA ဥက္ကဋ္ဌပြော”

အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ ဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။