(အားကစား) ဒီဇင်ဘာ ၇
မြန်မာအလံကို ဖိနပ်မှာဆေးချယ်ပြီး စီးခဲ့တာကြောက့် မြန်မာပရိသတ်များအကြား ဝေဖန်မှုများစွာခံခဲ့ရတဲ မြန်မာဖိုက်တာ ဂျော့ရှူဝါဗန်ဟာ ခါးပတ်ရရှိသွားပြီဖြစ်ပါတယ်။

မြန်မာဖိုက်တာ ဂျော့ရှူဝါဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်ဒိုဂျာတို့ဟာ ဒီနေ့ ဒီဇင်ဘာ (၇) ရက်မှာ အမေရိကန်နိုင်ငံ Las Vegas မြို့မှာ ကျင်းပတဲ့ UFC- 323 ပြိုင်ပွဲမှာယှဥ်ပြိုင်ထိုးသတ်ခဲ့ကြတာပါ။
UFC ဖလိုင်းဝိတ်ချံပီယံ ခါးပါတ်လုတဲ့ပွဲရဲ့ ပထမအချီ ပွဲစစချင်းမှာပဲ ဂျော့ရှူဝါဗန်ရဲ့ကန်ချက်နဲ့ ဟန်ချက်ပျက်ပြီး လဲကျခဲ့တဲ့ ပြိုင်ဘက် ပန်ဒိုဂျာဟာ လက်ကျိုးသွားခဲ့တာကြောင့် ဆက်လက်မကစားနိုင်တော့လို့ ဂျော့ရှူဝါဗန်ဟာ UFC ခါးပါတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။
ဂျော့ရှူဝါဗန်ရဲ့ပွဲကို မြန်မာအများအပြားအားပေးခဲ့ကြပေမယ့် နိုင်ငံရဲ့အထွဋ်အထိပ်ဖြစ်တဲ့ နိုင်ငံတော်အလံကို ဖိနပ်မှာပုံဖော်မစီးဖို့ တောင်းဆိုမှုတွေရှိခဲ့ကြတာဖြစ်ပါတယ်။
#PAN