ဆန္ဒရှင် မဲစာရင်းမ​ကျန်ဖို့ ရှမ်းမြောက်မှာတက်တစ်အိမ်ဆင်း မဲစာရင်းစစ်

(ပြည်တွင်း) ဒီဇင်ဘာ ၇

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ မကျန်ရှိစေရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေး၊ အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ဒေသခံပြည်သူတွေ မဲစာရင်းမှန်ကန်စေရေး တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကောက်ယူနေတယ်လို့ သိရပါတယ်။

အခုလိုလိုက်လံကောက်ယူနေတာဟာ ရပ်ကွက်နဲ့ ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်မှု ရှိစေဖို့ လိုက်လံကွင်းဆင်းစစ်ဆေးနေလို့ တာဝန်ရှိသူတွေထံက သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲပေးခြင်းဟာ နိုင်ငံသားတွေက အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်တဲ့အတွက် အခုလို ကွင်းဆင်းစစ်ဆေးတာလို့လည်း သိရပါတယ်။

လားရှိုးမြို့မှာရှိတဲ့ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်တို့မှာလိုက်လံစစ်ဆေးနေတာတွေရှိသလို နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ကာလိမြို့ရှိ ဟိုပန်ကျေးရွာ၊ နမ့်စန်မြို့နယ်၊ နမ့်စန်ကျေးရွာအုပ်စုရှိ အမှတ်(၁)ကျေးရွာ၊ မိုင်းနောင်မြို့ရှိ နားကန်းကျေးရွာတို့မှာလည်း Door Door စနစ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းမဲစာရင်းတိုက်ဆိုင်စစ်ဆေးမှုတွေ ဆောင်ရွက်ကြတယ်လို့ သိရပါတယ်။

#PAN