(နိုင်ငံတကာ) ဒီဇင်ဘာ ၆
ရုရှားသမ္မတပူတင်သည် နယူးဒေလီမြို့၌ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။

နယူးဒေလီဆွေးနွေးပွဲတွင် ရုရှားသမ္မတပူတင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စများနှင့် ယူကရိန်းပြဿနာတို့ကို အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံနှင့် အစဉ်အလာအရ ဆက်ဆံရေး ကောင်းမွန်ပြီး ရုရှား၏ လက်နက် ခဲယမ်းများနှင့် ရေနံများကို အဓိကဝယ်ယူနေသော နိုင်ငံဖြစ်သည်။
ရုရှားသမ္မတ ပူတင်သည် ဒီဇင် ဘာ ၄ ရက်တွင် အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့သို့ရောက်ရှိခဲ့ရာ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီကိုယ်တိုင် လေဆိပ် ၌ ကောဇောနီခင်း၍ကြိုဆိုခဲ့သည်။
ယခုခရီးစဉ်သည် ရုရှားသမ္မတ ပူတင်အတွက် လေးနှစ်တာကာလ အတွင်း ပထမဆုံး အိန္ဒိယခရီးစဉ် ဖြစ်သည်။
ရုရှားသမ္မတပူတင်၏ ယခု ခရီးစဉ်အတွင်း ရုရှားနှင့် အိန္ဒိယ တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက် အများအပြား လက်မှတ်ရေးထိုးရန် ရှိကြောင်း သိရသည်။
#PAN