(ပြည်တွင်း) ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြိုနယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကို လာမည့် ၂၀၂၆ ခုနှစ်ဇန်နဝါရီလမှာ ကျင်းပသွားမှာဖြစ်ကြောင်း ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီကနေ သိရပါတယ်။
အဆိုပါဘုရားပွဲတော်ကို ကျင်းပနိုင်ဖိုအတွက် မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယဆရာတော်ကြီးများမှ ဩဝါဒခံယူပြီး လာမည့် ဇန်နဝါရီလ ၂၂ ရက် (တပိုတွဲလဆန်း ၅ ရက်)မှာ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဧပြီလ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း ၈၆ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်တပိုတွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ယခုနှစ်မှာလည်း မန်းရွှေစက်တော်ဘုရားကြီး၏ ဘုရားပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews