“မဲရုံတွင်ဆန္ဒမဲ ပေးခြင်းအတွက် သိရှိမှတ်သား ဆောင်ရွက်ရမည့် အချက်များ”


(ပြည်တွင်း) ဒီဇင်ဘာ ၃

(အီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း)

  • မဲရုံသို့ဝင်ရောက်သည့်အခါ မဲစာရင်းစစ်ဆေးသူထံ မိမိ၏အမည်နှင့် မဲစာရင်းအမှတ်စဉ်ကို ပြောပြပါ၊ အထောက်အထားအဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ကိုပြပါ၊
  • မဲစာရင်းစစ်ဆေးသူက မိမိ၏အမည်ကို တွေ့ရှိပြီး မှန်ကန်လျှင် မဲစာရင်း၌ လက်မှတ်ရေးထိုးပါ၊ သို့မဟုတ် လက်ဝဲလက်မဖြင့် လက်ဗွေနှိပ်ပါ၊
  • လျှို့ဝှက်ဆန္ဒပြုခန်းအတွင်းသို့ဝင်၍ ဆန္ဒပြုစက်ပေါ်ရှိ မိမိမဲပေးလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်နှင့်သင်္ကေတအမှတ်အသား တည့်တည့်တွင်ရှိသော ဆန္ဒပြုခလုတ်ကို တစ်ကြိမ်သာနှိပ်၍ ဆန္ဒပြုပါ၊
  • ဆန္ဒပြုပြီးနောက် ဆန္ဒပြုစက်နှင့် ချိတ်ဆက်ထားသော မဲပေးချက် ဖော်ပြသည့်စက်မှ ပြသသည့်ဆန္ဒမဲဖြတ်ပိုင်းတွင် မိမိမဲပေးသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတအမှတ်အသားကို ကြည့်ရှုနိုင်သည်၊
  • မိမိဆန္ဒပြုလိုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးကိုသာ ဆန္ဒမဲပေးပါ၊
  • မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲတစ်မဲစီသာပေးပါ၊
  • မဲရုံမှမထွက်ခွာမီ မဲပေးပြီးကြောင်း မင်တို့ပေးသည့် မဲရုံအဖွဲ့ဝင်ထံသွားရောက်၍ သတ်မှတ်ထားသည့် လက်ချောင်းတစ်ချောင်းချောင်းတွင် မင်တို့ပါ၊
  • မဲပေးပြီးပါက မဲရုံပရိဝုဏ်အတွင်းမှ ဆောလျင်စွာ ထွက်ခွာပါ။

“ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်မည်”

“လွတ်လပ်မျှတ၊ မဲ‌ပေးကြ”

PAN

Telegram»…
https://t.me/positiveanglenews