(ပြည်တွင်း) ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊၂၉ လမ်း၊၈၄×၈၅ လမ်းကြားမှာ ဒီနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ် အချိန်ခန့်က ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတဲ့ စာတွေရေးသားထားတဲ့ စာရွက်တွေ ကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချမ်းအေးသာစံအနောက်ရပ်ကွက်၊၂၉ လမ်း၊၈၄×၈၅ လမ်းကြားကို ကျား ၈ ဦး၊ မ ၂ ဦးဟာ ဆိုင်ကယ် ၅စီးနဲ့ ရောက်ရှိလာပြီး ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတဲ့ စာတွေရေးသားထားတဲ့ ရောက်စုံစာရွက်တွေကိုကြဲသွာားလို့လည်း သိရပါတယ်။

အဲဒီစာရွက်တွေပေါ်မှာ အဓ္ဓမစစ်မှုထမ်းဥပဒေအလိုမရှိ၊ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့၊ ဖက်ထရယ်ပြည်ထောင်စု တည်ဆောက်ရေး ဒို့အရေး၊ အာဏာရှင် စနစ်တိုက်ဖျက်ရေး ဒို့အရေး၊ အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ၊ သင့်မဲနဲ့ တရားဝင် လူသတ်ခွင့်မပေးနဲ့၊ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်ဆိုတဲ့ စာတွေရေးသားထားတာတွေရတယ်လို့လည်း အဆိုပါဒေသခံကပြောပါတယ်။

ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတဲ့ စာတွေရေးသားထားတဲ့ စာရွက်တွေ ကြဲခဲ့ကြသူတွေဟာ စာရွက်တွေကို ကြဲချထွက်ပြေးသွားခဲ့ကြတာဖြစ်လို့ တရားခံတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#PAN