“စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို စနစ်တကျနေရာချထားပေးရန် ယာယီသမ္မတမှာကြား”


(ပြည်တွင်း) ဒီဇင်ဘာ ၃
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုရှိ စစ်မှုထမ်းဟောင်းအိမ်ရာမှာ တိုးချဲ့တည်ဆောက် လျက်ရှိတဲ့ နေအိမ်အဆောက်အအုံများကို စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် စနစ်တကျနေရာ ချထားပေးရန် ဒီဇင်ဘာလ ၂ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
နိုင်ငံတော်ယာယီသမ္မတက အိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ရာမှာ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို စနစ်တကျနေရာချထားပေးရန်၊ အဆောက်အအုံများ တည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရန်၊ စံချိန်စံညွှန်းပြည့်မီမှုရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်တိုကို မှာကြားခဲ့ပါတယ်။
ဆက်လက်ပြီး အိမ်ရာတွင်နေထိုင်သူများ ကျန်းမာရေးအထောက်အကူပြုရန် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန်အတွက် နေရာများထည့်သွင်းတည်ဆောက်ရန်၊ အထပ်မြင့်အဆောက်အဦများကို သဘာဝ ဘေးအန္တရာယ်ကာကွယ်နိုင်အောင် စနစ်တကျတွက်ချက်ဆောက်လုပ်ရန်တိုကိုလည်း မှာကြားခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်မှ စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း ကြည့်ရှုစစ်ဆေးပြီး အိမ်ရာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များကို နှုတ်ဆက်ကာ လိုအပ်ချက်များကို မေးမြန်းခဲ့ပါတယ်။
ပြင်ဦးလွင်မြို၊ စစ်မှုထမ်းဟောင်းအိမ်ရာမှာ အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံး၊ အခြားအဆင့်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁၀ လုံး၊ အရာရှိငယ်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၃ လုံး၊ အရာရှိကြီးနေ အိမ် ၄ ခန်းတွဲ ၆ ထပ် ၁ လုံးတိုကိုဆောက်လုပ်ပြီးစီးပြီဖြစ်ကာ အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့် နေအိမ်များကိုလည်း ထပ်မံဆောက်လုပ်ပေးသွားမယ်လို သိရပါတယ်။

PAN

Telegram»…
https://t.me/positiveanglenews