(နိုင်ငံတကာ) ဒီဇင်ဘာ ၃
ဂျပန်နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၅၀၀ ကျော်ခေါ်ယူထားကြောင်း မြန်မာသံရုံး၊ တိုကျိုမြိုမှ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာသံရုံး၊ တိုကျိုမြိုအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပိုလာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလို စိစစ်ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ ကုမ္ပဏီများက ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိ ချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို ပြန်လည် ပေးပိုလျက်ရှိကြောင်း သိရပါတယ်။
မြန်မာသံရုံး၊ တိုကျိုမြိုအနေနဲ့ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိတဲ့ ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီး ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို ပေးပိုပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၇၂ ခုနှင့်ပတ်သက်တဲ့ အချက်အလက်များကို အသိပေးထုတ်ပြန်ထားပါတယ်။

PAN
Telegram
https://t.me/positiveanglenews