(မိုးဇလ) ဒီဇင်ဘာ ၂

စဥ့်ကိုင်မြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် (၁၄)မိုင်ခန့်အကွာမှာ အင်အား ၄.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်သွားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီခွဲ ၅၅ မိနစ်ခန့်က အနက် ၃၃ ကီလိုမီတာခန့်မှာလှုပ်ခတ်ခဲ့တာလို့ သိရပါတယ်။
“အသံလည်းပါတယ်။ လှုပ်ချိန်နည်းနည်းကြာတယ်။ ကြောက်တာပေါ့ဗျာ တစ်ခါဖြစ်ပြီးပြီဆိုတော့ ကြောက်တာပေါ့” လို့ မန္တလေးဒေသခံတစ်ဦးကပြောပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ဖြင့် လှုပ်ခတ်သည့် မန္တလေးငလျင်ကြီးကြောင့်သေဆုံးသူ ၃,၇၉၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၈၆ ဦး၊ ပျောက်ဆုံးသူ ၅၁၀၄ ဦး၊ အိမ်ပေါင်း ၅၁,၁၄၅ အိမ် ထိခိုက်ခဲ့သည့်အပြင် ကျောင်း ၂,၅၉၈ ကျောင်း၊ ဌာန ဆိုင်ရာအဆောက်အဦ ၃,၃၁၀၊ ဆေးရုံ/ ဆေးခန်း ၇၂၅ ခု၊ ဘာသာရေး အဆောက်အဦ ၅,၆၁၁၊ ရထားလမ်း ၅၆ ခု၊ ဘူတာရုံ ၂၇ခု၊ တံတား ၁၀၁ ခု၊ လမ်း ၄၀၃လမ်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းရှိ နေရာ ၂၈၄ နေရာ၊ ဆက်သွယ်ရေးတာဝါတိုင် ၁၀ခု၊ ကွန်ကရစ်တိုင် ၅၆ခု၊ လျှပ်စစ်တာဝါတိုင် ၁၀ တိုင်၊ ဓာတ်တိုင် ၃,၁၂၃ တိုင်၊ ဆည်မြောင်း ၅၉၄၊ တာတမံ ၆ ခု၊ ရေလမ်းထိန်းသိမ်းရေးလုပ်ငန်း ၆၀၊ ရေအရင်းအမြစ် ၁၇၄ ခု၊ ဘုရား/စေတီ ၆,၄၂၄ ဆူတို့ ပျက်စီးခဲ့ကာ ဒေါ်လာသန်းထောင်ချီ ပျက်စီးဆုံးရှုံခဲ့တယ်လို့ သိရပါတယ်။
#PAN