ညောင်ဦးမြို့နယ်မှာ စျေးဝယ်ထွက်လာတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးပစ်ခတ်သတ်ဖြတ်ခံရ

(မှုခင်း)နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သစ်ထောင့်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးကို  ညောင်ဦး-မြင်းခြံသွားကားလမ်းပေါ်က  ရွာသစ်ကုန်းကျေးရွာအနီးမှာ PDF အကြမ်းဖက်သမားတွေက ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ်၊ သစ်ထောင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်း၊၆၅နှစ်၊(ဘ)ဦးအေးမောင်ဟာ နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁၁နာရီ အချိန်ခန့်က သူပိုင်ဆိုင်တဲ့ ဆိုင်ကယ်  Kenbo 110 စိမ်း/ခဲကြား ဆိုင်ကယ်နဲ့ တစ်ဦးတည်းနေအိမ်ကနေ လက်ပံခြေပေါ်ကျေးရွာဘက်ကို ဈေးဝယ်ဖို့သွားရောက်စဉ် အကြမ်းဖက်သမား ၅ ဦးခန့်က ဆိုင်ကယ်(၃)စီးနဲ့ နောက်ကကပ်လျက်လိုက်လာပြီး ညောင်ဦးမြို့နယ်၊ရွာသစ်ကုန်းကျေးရွာထိပ်၊ညောင်ဦး-မြင်းခြံသွားကားလမ်း၊မိုင်တိုင်အမှတ်(၁၂/၇)အနီးမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖြသ်တယ်လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်မှူကြောင့်  ဦးမောင်သန်း ရဲ့ ယာ-ပါး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-ရင် အုံအောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့နဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်သမားတွေဟာ ညောင်ဦး-မြင်းခြံကားလမ်းအတိုင်း သစ်ထောင့်(တောင်) ကျေးရွာဘက်သို့ ပြန်လည်ထွက်ပြေးသွားတယ်လို့သိရပြီး လုံခြုံရေးတာဝန်ရှိသူတွေက အကြမ်းဖက်သမားတွေ ထွက်ခွာသွားရာလမ်းကြောင်းတစ်လျောက် လိုက်လံပိတ်ဆို့ စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။

#PAN