မလှိုင်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

(မှုခင်း)နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်၊သဲကန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာသား အမျိုးသား ၁ဦးအား အကြမ်း ဖက် PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

သေဆုံးသူများမှာ သဲကန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ကိုမြင့်၊၄၁နှစ်၊(ဘ)ဦးညွန့်ကြိုင်နှင့် ဦးသိန်းဇော်၊၄၁နှစ်၊သဲကန်ကျေးရွာနေတို့ ၂ ဦး ဖြစ်ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဦးအောင်ကိုမြင့်သည် မလှိုင်မြို့သို့သွားရောက်ရန် ဦးသိန်းဇော်၏နေအိမ်၌ အတူရှိနေစဉ် ဆုံတွင်းကျေးရွာဘက်မှ အကြမ်းဖက် PDF အင်အား ၄ဦး၊ဆိုင်ကယ်(၂)စီးနှင့် ရောက်ရှိလာ ပြီး နံနက်၈နာရီ အချိန်ခန့်တွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ထွက်ပြေးသွားကြောင်း ဦးသိန်းဇော်၏ဇနီး ဖြစ်သူ၏ ပြောပြမှုအရသိရသည်။

အဆိုပါအကြမ်းဖက်PDFအဖွဲ့၏ပစ်ခတ်မှုကြောင့် ဦးအောင်ကိုမြင့်နှင့် ဦးသိန်းဇော်တို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးလျက်ရှိကြောင်း၊ဖြစ်စဉ်တွင် အကြမ်းဖက် PDF အဖွဲ့သည် သဲကန်ရွာမှတဆင့် ၎င်းတို့လာရာလမ်းကြောင်းအတိုင်း သက္ကယ်ကျင်း-သရက္ကန်ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။