(ပြည်တွင်း) နိုဝင်ဘာ ၂၈
ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံကို တရားဝင်လာရောက်လည်ပတ်မှုကို ဂုဏ်ပြုတဲ့ နေပြည်တော် သပြေကုန်းအနီးက လမ်းတစ်လမ်းကို “မင့်စ်” လို့ အမည်ပေးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော် သပြေကုန်းအနီးက ဘဏ်ဆုံမီးပွိုင့်ရှိရာ ယခင်အဆင့်မြင့်စျေးလမ်းလို့လူသိများတဲ့ အဆ်ုပါလမ်းကို “မင့်စ်” လမ်းလို့ အမည်ပေးခဲ့တာဖြသ်ပါတယ်။
ဘီလာရုဇ် ကတော့ “ဘီလာရုစ်အမည်ကို ရရှိခဲ့တဲ့လမ်းဟာ သုံးကီလိုမီတာခွဲ ရှည်လျားပြီး အဲ့ဒီလမ်းတစ်လျှောက်မှာ ဈေးဝယ်စင်တာကြီးတစ်ခု၊ ဘဏ်တွေနဲ့ ပန်းခြံတစ်ခု ပါဝင်တယ်လို့ဆိုပါတယ်။

အဆိုပါလမ်းအမည်ပေးတဲ့အခမ်းအနားကို ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး Bellegprom ရဲ့ ဥက္ကဋ္ဌ Nadezhda Lazarevich က မင့်စ်မြို့မှာ ဘီလာရုစ်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို အောက်မေ့ဖွယ်နေရာတစ်ခု ရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်မတို့ဟာ မြို့ရဲ့ ခေါင်းဆောင်မှုနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီး စီးပွားရေးနဲ့ ယဉ်ကျေးမှုအရ ပံ့ပိုးပေးသွားမှာပါ” ဟု သူမက ဆိုပါတယ်။

ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကို ဟာ နိုဝင်ဘာလ ၂၇ ကနေ၂၈ ရက်နေ့အထိ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်အရ မြန်မာနိုင်ငံကို တရားဝင်ခရီးစဉ်လာရောက်နေတာဖြစ်ပါတယ်။

ဒီနေ့မှာလည်း ဘီလာရုစ်ခေါင်းဆောင်နဲ့ မြန်မာခေါင်းဆောင်တို့တွေ့ဆုံမှာဖြစ်ပြီး နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ပူးတွဲစီမံကိန်းတွေအကောင်အထည်ဖော်ရေးအပြင် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ စက်မှုလုပ်ငန်းနဲ့ ဆေးဝါးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးဖို့ရှိနေပြီး ဒီအစီအစဥ်တွေထဲမှာ လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ဆိုင်ရာ ကိစ္စရပ်များစွာလည်း ပါဝင်တယ်လို့ သိရပါတယ်။
#PAN