ပူးပေါင်းဆောင်ရွက်မှုအတွက် မည်သည့်ခေါင်းစဉ်ကိုမျှ ကန့်သတ်ထားခြင်းမရှိဘူးလို့ ဘီလာရုစ်ပြော

(ပြည်တွင်း) နိုဝင်ဘာ ၂၈

“ဘဏ်အချင်းချင်းကဏ္ဍ သဘောတူညီချက်တွေ၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး (Beltamozhservice logistics operator စတဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဘီလာရုစ်-မြန်မာ စီးပွားရေးဖိုရမ်ကို နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဘီလာရုစ် နိုင်ငံခြားရေးဝန်ကြီး မက်ဆင် ရိုင်ဇန်ကော့ဗ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့သိရပြီး လက်မှတ်ရေးထိုးခဲ့သော စာရွက်စာတမ်းအချို့နဲ့ ပတ်သက်လို့ ” အရာအားလုံးဟာ ဘီလာရုစ်နဲ့ မြန်မာတို့ ရေရှည်ပူးပေါင်းဆောင်ရွက်သွားမယ် ယုံကြည်မှုကို ပေးစွမ်း စေတယ်” လို့ မက်ဆင် ရိုင်ဇန်ကော့ဗ် ကပြောပါတယ်။

ဖိုရမ်တွေကနေ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြံဉာဏ်အသစ်ရရှိခဲ့ပြီး အဲ့ဒီ အကြံဉာဏ်တွေဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ စီမံကိန်းတွေ၊ သဘောတူညီချက်တွေနဲ့ စာချွန်လွှာတွေဆီကို ဦးတည်စေပြီး အရဲရင့်ဆုံး ကြိုးပမ်းမှုတွေအတွက် အခြေခံဖြစ်လာသလို နှစ်နိုင်ငံကိုယ်စားလှယ်တွေရဲ့ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးဟာလည်း အပြန်အလှန်စိတ်ဝင်စားမှုကို ပိုမိုတိုးပွားစေတယ်လို့” ဘီလာရုစ် နိုင်ငံခြားရေးဝန်ကြီး မက်ဆင် ရိုင်ဇန်ကော့ဗ် ပြောပါတယ်။

မက်ဆင် ရိုင်ဇန်ကော့ဗ် က အခုလိုပူးပေါင်းဆောင်ရွက်မှုရဲ့ မြန်ဆန်တဲ့အရှိန်အဟုန်ကို ဘီလာရုစ်နဲ့ မြန်မာနိုင်ငံခေါင်းဆောင်တွေက ချမှတ်ခဲ့တာလို့လည်း အလေးပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေဟာ ကြီးမားတဲ့ သဘောတူညီချက်တွေရရှိဖို့ အလားအလာကောင်းတွေကို မြင်တွေ့ခဲ့ကြပြီး တက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ တစ်နှစ်မပြည့်တဲ့ကာလမှာပင် စတင်နိုင်ခဲ့တယ်လို့ မက်ဆင် ရိုင်ဇန်ကော့ဗ် က ပြောဆိုထားပြီး မြင့်မားတဲ့ ပါဝင်ဆောင်ရွက်မှုစံနှုန်းကို ထိန်းသိမ်းရမှာဖြစ်ပြီး နိုင်ငံတွေနဲ့ ပြည်သူတွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစွမ်းကုန် လုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။

ဘီလာရုစ်နဲ့ နေပြည်တော်အကြား ပြန်လည်သင့်မြတ်ရေးဟာ နှစ်နိုင်ငံလုံးရဲ့ကျိုးစီးပွားကို ဖြည့်ဆည်းပေးပြီး ဘီလာရုစ်နဲ့မြန်မာတို့ဟာ အပြန်အလှန်ဆောင်ရွက်မှုတွေများစွာရှိနေတယ်လို့လည်း သူကပြောဆိုထားပါတယ်။

“မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို စက်မှုလုပ်ငန်းအဖြစ် ပြောင်းလဲဖို့ စီစဉ်ထားသလို ဘီလာရုစ်မှာ စက်ယန္တရားနဲ့ ပစ္စည်းကိရိယာတွေ အပြည့်အစုံကို ထုတ်လုပ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ သမ္မတပြောတဲ့အတိုင်း ကျွန်ုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် မည်သည့်ခေါင်းစဉ်ကိုမျှ ကန့်သတ်ထားခြင်း မရှိဘူးလို့” မက်ဆင် ရိုင်ဇန်ကော့ဗ်က က မှတ်ချက်ပြုပါတယ်။

လက်ရှိမှာ ဘီလာရုစ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ အရည်အချင်းတွေကို ပေါင်းစပ်ခြင်းဖြင့် ပူးတွဲအဆင့်မြင့်နည်းပညာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ခြင်းကို စတင်ဖို့ အရေးကြီး သူ့က ယုံကြည်ထားပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရဲ့ လက်တွေ့ကျတဲ့ ပုံဖော်မှုတစ်ခု ဖြစ်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဘီလာရုစ်နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် အကောင်းဆုံးအခြေအနေတွေကို ချမှတ်ထားပြီးဖြစ်တယ်လို့ အလေးပေးပြောကြားခဲ့သလို အလွန်တိုတောင်းသောကာလအတွင်း အစိုးရနဲ့ ဌာနဆိုင်ရာ သဘောတူညီချက် ၁၅ ခုခန့်နဲ့ ခိုင်မာတဲ့ မူဘောင်သဘောတူညီချက်တွေ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ စာချွန်လွှာ ၂၀ ခန့်ကို ပြင်ဆင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ဘီလာရုစ်-မြန်မာ စီးပွားရေးဖိုရမ်ကို “အသိစိတ်ရှိသော စီးပွားရေးဖိုရမ်” တစ်ခုဖြစ်တယ်လို့ မက်ဆင် ရိုင်ဇန်ကော့ဗ် က ပြောဆိုထားတယ်လို့သိရသလို “မြန်မာ ဒါမှမဟုတ်

ဘီလာရုစ်အကြောင်း တစ်စုံတစ်ခု လေ့လာလိုတဲ့ စီးပွားရေးသမားတွေ စုနေယုံမဟုတ်ပဲ အမေရိကန်ဒေါ်လာ ၉ သန်းခန့်တန်ဖိုးရှိတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးနေတဲ့ စီးပွားရေးကိုယ်စားလှယ်တွေရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ ဘီလာရုစ် နိုင်ငံခြားရေးဝန်ကြီး မက်ဆင် ရိုင်ဇန်ကော့ဗ် က ပြောဆိုထားပါတယ်။