
(ကျန်းမာရေး) နိုဝင်ဘာ ၂၈
နေပြည်တော် ဒက္ခိဏသီရိမြို့မှာရှိတဲ့ ကြေးမှုံဆေးရုံဟာ လိုင်စင်သက်တမ်းကုန်နေတဲ့အပြင် တရားဝင်ဆးကုသခွင့်မရှိတဲ့ ဆရာဝန်/အထူးကုတွေ ထားရှိတဲ့ ကြေးမှုံဆေးရုံကို လူနာတွေအကျိုးအတွက် လုပ်ငန်းရပ်ဆိုင်းထားလိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြေးမှုံဆေးရုံကို ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ်မှာ အခုလိုတွေ့ရှိရတာဖြစ်တယ်လို့လည်း ဝန်ကြီးဌာနထံက သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့ ကြေးမှုံဆေးရုံကို ပိတ်သိမ်းထားတဲ့ဆိုပြီး သိထားရတာကြောင့် ဘာကြောင့် ပိတ်သိမ်းရတယ်ဆိုတာသိလိုပါတယ်ဆိုပြီး မီဒီယာတစ်ခုရဲ့မေးမြန်းချက်ကို ကျန်းမာရးဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားတာဖြစ်ပါတယ်။