
(ပြည်တွင်း) နိုဝင်ဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ထုတ်ပြန် ကြေညာပေးထားတဲ့ ဒုတိယအကြိမ်မဲစာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားပြီးဖြစ်လို့ သွားရောက်ကြည့်ရှုစစ်ဆေးပေးနိုင်ရန် တိုက်တွန်းထားပါတယ်။
မဲစာရင်းများ သွားရောက်ကြည့်ရှုချိန်တွင် မိမိ၏အမည် မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုသွားကြရန် UEC က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမည်နှင့်အချက်အလက်များကို ကန့်ကွက်ရန်ရှိပါက ပုံစံ(၄)ဖြင့် ကန့်ကွက် ရမည်ဖြစ်ကာ အချက်အလက်များ ပြင်ဆင်ရန်ရှိပါက ပုံစံ(၄-ဂ)နဲ့ လျှောက်ထားရမည်ကြောင်း သိရပါတယ်။
အဆိုပါပုံစံများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူကာ လျှောက်ထားရမည်ဖြစ်ကြောင်း ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။