
2025ELECTION25NOV
မွန်ပြည်နယ် မုဒုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ပါတီအောင်နိုင်ရေး ဗွီနိုင်းဆိုင်ဘုတ် စိုက်ထူးတာတွေပြုလုပ်နေတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မုဒုံမြို့၊ မြို့မ ၃ ရပ်ကွက်၊ မင်းတန်းရပ်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၉၆)ရှိ မုဒုံမြို့နယ် မွန်ညီညွတ်ရေးပါတီရုံးရှေ့မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၈ နာရီခွဲအချိန်က အောင်နိုင်ရေး ဗွီနိုင်းဆိုင်ဘုတ် စိုက်ထူမှုခဲ့ပြီး အဲ့ဒီဗီနိုင်ဆိုင်းဘုတ်စိုက်ထူပွဲကို မွန်ညီညွတ်ရေးပါတီ ဒုဉက္ကဋ္ဌ-၁ နိုင်တလညီ၊ အတွင်းရေးမှူး ဦးစံတင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း PR)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝဏ္ဏကြီး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) မုဒုံမြို့နယ် မွန်ညီညွတ်ရေးပါတီ ဉက္ကဋ္ဌ နိုင်အောင်သိန်း၊ ဒုဉက္ကဌ ဦးဌေးနိုင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း FPTP)၊ ဦးခင်မောင်ထွေး (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း FPTP)တို့တက်ရာက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၄ ဦးရဲ့ ဓါတ်ပုံပါတဲ့ မွန်ညီညွတ်ရေးပါတီ ပါတီအောင်နိုင်ရေး ဗွီနိုင်းဆိုင်ဘုတ်ပေါ်မှာ ပြည်သူ့အကျိုးဆောင်ရွက်ဖို့ မွန်ပါတီကိုမဲပေးစို့နဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆီသို့ ချီတက်စို့ စာသာ တွေကိုထည့်သွင်းထားတာတွေ့ရတယ်လို့လည်း ဒေသခံကဆိုပါတယ်။
ဒီနေ့ မနက် ၉ နာရီအချိန်ကလည်း မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ ရွှေဟင်္သာဈေးရှေ့နဲ့ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ အာစင်နယ်လ္ဘရည်ဆိုင်ရှေ့ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘေးမှာလည်း မွန်ညီညွတ်ရေးပါတီက ဆိုင်းဘုတ်တွေစိုက်ထူခဲ့ကြတယ်လို့ သိရပါတယ်။