တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးကို PDF က ပစ်ခတ်စိုးရိမ်ဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၂၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားတွေက ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် စိုးရိမ်ရတဲ့ သေနတ်ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၄ နှစ်အရွယ် တောင်စွန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုဦးဟာ အလုပ်ကိစ္စနဲ့သွားရောက်ရာက နေအိမ်ကိုပြန်လည်စဉ် PDF အကြမ်းဖက်သမားတွေက နောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့လိုက်လံချောင်းမြောင်း ပစ်ခတ်ခတ်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်ကိစ္စနဲ့ သွားရောက်ရာကနေ နေအိမ်ကို ဆိုင်ကယ်နဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီခန့်မှာ အချိန် ပြန်လည်ထွက်ခွာလာစဉ် တောင်စွန်းကျေးရွာအုပ်စု၊ တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်၊ ဘဝမျက်ရှု့စာကြည်တိုက်အရှေ့ အရောက်မှာ PDF အဖွဲ့က အမျိုးသား (၂)ဦးဟာ ဆိုင်ကယ်နဲ့ အနောက်က လက်နက်ငယ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာ၅ချက်ခန့်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို တောင်စွန်းတိုက်နယ်ဆေးရုံကိုပို့ဆောင်ထားပြီး လက်ရှိအခြေအနေကိုတော့ မသိရှိရသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။