
(ပြည်တွင်း) နိုဝင်ဘာ ၂၀
အလုပ်အကိုင်ပေါင်း ၆၀၀ ကျော် ခေါ်ယူမည့် Times City International Career & Job Fair 2025 ကို နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွေမှာ ကျင်းပသွားဖိုရှိတယ်လို သိရပါတယ်။ အဆိုပါအခမ်းအနားမှာ နိုင်ငံတကာထိပ်တန်းကုမ္ပဏီကြီးများမှ Entry Level မှစပြီး Professional Level များအထိ Position ပေါင်း ၆၀၀ ကျော်ခေါ်ယူသွားမှာဖြစ်ပြီး ရန်ကုန်မြိုရှိ Times City Office Tower 1 ရဲ့ ၁၈ လွှာရှိ Convention Centre မှာ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမယ်လို သိရပါတယ်။
ယခုပွဲဟာ နိုင်ငံတကာမှ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် ထိပ်တန်းအလုပ်ရှင်များ စုစည်းရာ နေရာတစ်ခုဖြစ်ပြီး၊ ကွန်ရက်ချိတ်ဆက်မှုများ ပြုလုပ်ရန်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများ မျှဝေရန် နှင့် ကျောင်းသား/ကျောင်းသူများ၏ အနာဂတ်အလုပ်အကိုင် တိုးတက်မှုအတွက် အဖိုးတန်သော အခွင့်အလမ်းများကို အသုံးချနိုင်ရန် တိုက်တွန်းအားပေးရန် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။
ပွဲအတွင်းအလုပ်လာရောက်လျှောက်ထားသူ တွေအတွက် Walk-in အင်တာဗျူးများလည်းရှိတာကြောင့် မိမိတိုရဲ့ ကိုယ်ရေးအချက်အလက်မှတ်တမ်း CV Form များ မပျက်မကွက်ယူဆောင်ခဲ့ဖို အသိပေးထုတ်ပြန်ထားပါတယ်။