(မှုခင်း) နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာတွင် ယနေ့ နံနက် ၂ နာရီ အချိန်ခန့်က မိးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ၊ အလယ်ရပ်ကွက်နေ ဦးစိုးအောင်၊ ၆၀ နှစ်ခန့်၊ (ဘ)ဦးဘရက်ကတ်၏ နေအိမ် အိမ်မကြီးနှင့်ကပ်လျက်ရှိ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း၊ အမြင့် ၈ ပေခန့်၊ ကျွန်းတိုင်စိုက်ထူသည့် သုံးခန်းပတ်လည်ရှိ တောင်သူလုပ်ငန်းသုံးပစ္စည်းများထားသိုရာအဆောက်အဦးမှစတင်၍ ဝါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်းမှုဖြစ်ပွားသည့်ရာသို့ မြို့နယ်မီးသတ်ယာဉ်(၁၅)စီးဖြင့် နံနက် ၂ နာရီ ၅၂ မိနစ်အချိန်တွင် Level(1)အဆင့်ရှိ မီးလောင်ခြင်းအား မီးစတင်ငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီကျော်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုတွင် လူ/တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ မီးလောင်မှုဖြစ်စဉ်တွင် ဘုံးအိုး အလယ်ဗလီ ယာယီဝတ်ပြုဆောင်(၁)လုံး၊ လူနေအိမ်စုစုပေါင်း(၁၀)လုံးခန့် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
#PAN