MV CNTIC VPOWER ENERGY သင်္ဘောကမ်းကပ်ပြီ

(ပြည်တွင်း) နိုဝင်ဘာ ၁၅

သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်တွေလည်ပတ်နိုင်ဖို့ ဓာတ်ငွေတင်ဆောင်လာတဲ့ CNTIC(China National Technical Import and Export Corporation)နဲ့ Hong Kong V-Power ကုမ္ပဏီတို့ ပိုင်ဆိုင်တဲ့ MV CNTIC VPOWER ENERGY သင်္ဘောဟာ ကမ်းကပ်နိုင်ပြီလို့ သိရပါတယ်။

နိုဝင်ဘာလ ၁၄ ရက် ည ၁၀ နာရီက မြန်မာ့ပင်လယ်ပြင်အတွင်း ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက် နံနက် ၂ နာရီမှာတော့ MCV Terminal ရှေ့မှာ ကျောက်ချရပ်နားကာ အဲဒီကမှတစ်ဆင့် နံနက် ၁၀ ခွဲအချိန်မှာ အဆင်ပြေချောမွေ့စွာ ဆိုက်ကပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

MV CNTIC VPOWER ENERGY သင်္ဘောဟာ အဆင့်မြင့်နည်းပညာသုံး ဓာတ်ငွေ့သိုလှောင်သင်္ဘော (FSO – Floating Storage and Offloading) တစ်စီးဖြစ်ပြီး ၁၉၉၂ ခုနှစ်က တည်ဆောက်ခဲ့ကာ အလျား ၂၇၂ မီတာ ရှည်လျားကာ အရွယ်အစားအားဖြင့် ၁၀၆,၂၈၃ တန် ဖြစ်ပါတယ်။

အဆိုပါသင်္ဘောဟာ သဘာဝဓာတ်ငွေ့ရည်(LNG)​ တွေကို သိုလှောင်ထားရှိပြီး သဘာဝဓာတ်ငွေ့ရည် (LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဆီကို  ဓာတ်ငွေ့ရည်တွေပေးပို့ကာ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်နိုင်ဖို့ အထောက်အကူပြု ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

#PAN