(နိုင်ငံတကာ) နိုဝင်ဘာ ၁၄

တရုတ်နိုင်ငံဟာ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းကို သမိုင်းဝင်ခရီးစဉ်အဖြစ် လက်ခံကြိုဆိုခဲ့ပြီး ဒါဟာ လွန်ခဲ့သော နှစ် ၅၀ က နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း ထိုင်းဘုရင်တစ်ပါးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်မှု ရလဒ်နဲ့ တရုတ်နိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တစ်ဦးဖြစ်တယ်ဆိုတာ အခြားနိုင်ငံတွေအတွက် အချက်ပြမှုတစ်ခုအဖြစ် တရုတ်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ထိုင်းဘုရင်နဲ့မိဘုရားဟာ နိုဝင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပေကျင်းကို ရောက်ရှိလာပြီး သူ့ရဲ့ခရီးစဥ်ကတော့ နိုဝင်ဘာ ၁၇ ရက်အထိ ငါးရက်ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့မှာတော့ တရုတ်နိုင်ငံရဲ့ အဓိကနေရာဖြစ်တဲ့ ပြည်သူ့ခန်းမကြီးမှာ သမ္မတရှိနဲ့ ဇနီးက လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က ဆက်ဆံရေးထူထောင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ပထမဆုံးလာရောက်လည်ပတ်တဲ့ ထိုင်းဘုရင်အတွက် ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အနီရောင်ကော်ဇောခင်းပြီး ပေကျင်းမှာ ကိုယ်တိုင်ကြိုဆိုခဲ့တယ်လို့လည်း ဆိုကြပါတယ်။
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းနဲ့ မိဖုရားဆုသီတာတို့ ရောက်ရှိလာမှုနဲ့ ယခုအပတ်အစောပိုင်းက စပိန်ဘုရင် ဖိလစ်ပီ ၆ နဲ့ မိဖုရားလက်တီဇီယာတို့ရဲ့ လည်ပတ်မှုကို တရုတ်မီဒီယာတွေက ခင်မင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်မှုရဲ့ ရလဒ်နဲ့ အခြားနိုင်ငံတွေအတွက် တရုတ်နိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တစ်ဦးဖြစ်တယ်လို့ဖော်ပြကြပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယခုနှစ်အတွင်း သူ့ရဲ့ ပြင်းထန်တဲ့ အခွန်တိုးမြှင့်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးမတည်ငြိမ်မှုကိုတော့ လုံးဝဆန့်ကျင်ဘက်အဖြစ်ဖော်ပြကြပါတယ်။
ထိုင်းဘုရင်မကြီး သီရိခစ် မကြာသေးမီက ကွယ်လွန်သွားခြင်းအတွက် ရှီက ဝမ်းနည်းကြောင်း ထိုင်းတော်ဝင်မိသားစုဟာ တရုတ်နိုင်ငံနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရာမှာ အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတွေရှိခဲ့တယ်လို့ ရှီကပြောကြားခဲ့တယ်လို့ သိရပါတယ်။
ရှီ ကတော့ တရုတ်-ထိုင်းရထားလမ်းလို အဓိကစီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် မြှင့်တင်ဖို့ ဆန္ဒရှိနေတယ်လို့သိရပြီး ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ အာကာသ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။တရုတ်သမ္မတက တရုတ်နိုင်ငံဟာ ထိုင်းတော်ဝင်မိသားစုရဲ့ အများပြည်သူ့ကောင်းကျိုးစီမံကိန်းတွေကို တက်ကြွစွာထောက်ခံဖို့ ဆန္ဒရှိပြီး ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှုကို အားကောင်းစေဖို့နဲ့ ထိုင်းပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းတိုးတက်အောင်ကူညီဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
#PAN