မစ်ဒယ်ဘရော့နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ် ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ဝုဗ်အသင်း

(အားကစား) နိုဝင်ဘာ ၁၂

ဝုဗ်အသင်းဟာ မစ်ဒယ်ဘရော့နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ် ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

အခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝုဗ်အသင်းဟာ ပွဲစဉ်(၁၁)ပြီးဆုံးချိန်အထိ နိုင်ပွဲမရသေးဘဲ အမှတ်ပေး ဇယားအောက်ဆုံးသို့ ရောက်ရှိနေပြီး ပေါ်တူဂီနည်းပြ ဗစ်တာပါရဲရားကို နိုဝင်ဘာလ ၂ ရက်ကတည်းက ရာထူးက ထုတ်ပယ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အစားထိုးခန့်အပ်ဖို့ နည်းပြသစ်ရှာဖွေခဲ့ရာမှာ မစ်ဒယ်ဘရော့အသင်းက အင်္ဂလန်နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ် ကို ၃ နှစ်ခွဲစာချုပ်နဲ့ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရော့ဘ်အက်ဒ်ဝပ်စ် ဟာ ဝုလ်ဗ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး နည်းပြဘဝကို စတင်ဝင်ရောက်စဉ်က ဝုလ်ဗ်အသင်းရဲ့ ယာယီနည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပါတယ်။

ဝုလ်ဗ်အသင်းက မစ်ဒယ်ဘရော့ အသင်းကို လျော်ကြေးအဖြစ် ပေါင် ၃ သန်း ပေးချေခဲ့ရပြီး ရော့ဘ်အက်ဒ်ဝပ်စ် ကို ၂၀၂၉ ခုနှစ်အထိ စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

#PAN