မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂ဝ၂၅ ပြုလုပ်မည်

(စီးပွားရေး) နိုဝင်ဘာ ၁၁

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းရှင် ၁ဝဝ ခန့် လာရောက်ပြသမည့် မြန်မာ့အထည်အလိပ် နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂ဝ၂၅ ပြပွဲကို Inya Lake Hotel, Yangon Convention Center (YCC) မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်မှ ၇ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ပူးပေါင်းကာ တရုတ်-မြန်မာနှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၌ ကျင်းပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၁၀ ခုခန့်နှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဆက်စပ်ပစ္စည်းများနှင့် အဝတ် အထည်ဆိုင်ရာစက်ပစ္စည်းများ ပြသသူ ၁၀၀ ကျော်တို့မှ ၎င်းတို့၏ထုတ်ကုန်များကို လာရောက်ပြသကြမှာဖြစ်ပြီး မြန်မာ့အသေးစား၊ အလတ်စားလုပ်ငန်းများ၏ Made in Myanmar ထုတ်ကုန်များကို မြှင့်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအဖွဲ့ဖြစ်သော ASEAN Federation of Textile(AFTEX)မှ ကျွမ်းကျင်သုံးသပ်သူများ၏ အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Panel Discussion များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြစ်သော မြန်မာတိုင်းရင်းသားရိုးရာဝတ်စုံပြပွဲများ၊ တရုတ်-အာဆီယံနိုင်ငံများမှ ရိုးရာ ဝတ်စုံပြိုင်ပွဲများ၊ CMP and Local brands Fashion Show : Exhibitors’ Business Matching p Garment related industries များ၏ ဆွေးနွေးပွဲများဖြင့်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲသို့ လာရောက်မည့်သူများအနေနဲ့ သက်ဆိုင်ရာပြခန်းများမှ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ် နိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်ကာ လုပ်ငန်းပိုင်းဆိုင်ရာများ မှာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် နိုင်မှာဖြစ်ပါတယ်။

နိုင်ငံတကာမိတ်ဖက်များအနေနဲ့လည်း ပြပွဲတွင်ခင်းကျင်းပြသမည့် ဒေသတွင်းအထည်အလိပ်နှင့် အထည်ချုပ် စက်ရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အဝတ်အထည် ထုတ်လုပ်မှုဆိုင်ရာ နောက်ဆုံးပေါ်နည်းပညာများကို လေ့လာနိုင်မှာဖြစ်သလို Made in Myanmar ထုတ်လုပ်သူများထံမှ ရောင်စုံဆန်းပြားသော အထည်အလိပ် ထုတ်ကုန် ပစ္စည်းများ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် စက်ပစ္စည်းများကို လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။ အဆိုပါပြပွဲကို ၂၀၂၃ ခုနှစ်မှစတင်ကာ ကျင်းပခဲ့ပြီး ပြပွဲသို့လာရောက်ကြည့်ရှု သူပေါင်း ၁,၅၀၀ ကျော်ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်….
Webpage>>…
https://positiveanglenews.com/2025/11/11/အမေရိကန်အထက်လွှတ်တော်က/

VK Link>>…
https://vk.com/wall-220066330_13944

Telegram»…
https://t.me/positiveanglenews

PAN