

(ပြည်တွင်း) နိုဝင်ဘာ ၁၀
ရွေးကောက်ပွဲအပိုင်း (၁) မှာပါဝင်တဲ့ ကျောက်ဖြူမြို့နယ်ထဲက သိုင်းချောင်းရွာနဲ့ သိုင်းချောင်းဆည်ကို ဒီနေ့မှာ တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်က သိုင်းချောင်းရွာဟာ AA အကြမ်းဖက်သမားတွေခံစစ်ပြုလုပ်ထားတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ကျောက်ဖြူ- ဇိုင်ချောင်း- သစ်ပုတ်တောင် လမ်းဆုံကနေ (၂)မိုင်ခန့်သာကွာဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
“သိုင်းချောင်းဆည်က စိုက်ပျိုးရေးထက် အဲဒီဒေသက ရေချိုအတွက်ပါအားထားရတဲ့ဆည်ပါ။ ကျန်တဲ့နေရာမှာ ရေငန်းတွေပဲရှိတယ်။ သောက်သုံးရေက သူ့ကိုပဲအားထားရတာ ဆည်ကို ပြန်ပြီးထိန်းချုပ်လိုက်နိုင်ပြီဖြစ်လို့ AA တွေရေငတ်သေမှာအမှန်ပဲ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံကပြောပါတယ်။
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊သိုင်းချောင်းကျေးရွာဟာ သိုင်းချောင်းမြစ်ပေါ်မှာတည်ဆောက်ထားတဲ့
ဆည်တစ်ခုဖြစ်ပြီး ရေဆင်းဧရိယာဟာ ၀.၄၀ စတုရန်းမိုင်ဖြစ်သလို ကန်ရေပြည့်ရေပြင်ဧရိယာကတော့ ၄၅.၃၅ ဧကဖြစ်တယ်လို့ သိရပါတယ်။
AA အကြမ်းဖက်အဖွဲ့တွေရဲ့ ဗီတာ ၁ စစ်ဒေသက အဖွဲ့ဝင်တွေဟာ ဩဂုတ်လ ၉ ရက်နေ့ည ၁၁ နာရီအချိန်က မင်းပြင်ဘုန်းကြီးကျောင်းနဲ့ မင်းပြင်စာသင်ကြောင်းမှာအိပ်ပျော်နေချိန် တပ်မတော်ရဲ့ လေကြောင်းက ဗုံကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ သိမ်းဆည်းရမိတဲ့ သောင်းကျန်းသူတွေရဲ့မှတ်တမ်းကို ကိုးကားပြီး တပ်မတော်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ပြောဆိုထားပါတယ်။