ဟုမ္မလင်းမြို့အနီးမှာ ၄.၄ အဆင့် ငလျင်လှုပ်

(မိုးဇလ) နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း​ဒေသကြီး ဟုမ္မလင်းမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာက အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်သွားတယ်လို့သိရပါတယ်။

အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုတဲ့အဆိုပါ ငလျင်ဟာ နိုဝင်ဘာလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၈ နာရီ ၃ မိနစ် ၅ စက္ကန့်အချိန်မှာလှုပ်ခတ်ခဲ့တာလို့ ကသာမြေငလျင်စခန်းက တိုင်းတာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

https://positiveanglenews.com/2025/11/03/ဟားခါးနဲ့-စလင်းမှာ-နိုဝင/

Telegram – t.me/positiveanglenews

#PAN