နိုင်ငံရေးပါတီတစ်ချို့ ကတိစကားတွေနဲ့ မဲဆွယ်

2025ELECTION2NOV

၂၀၂၅ အထွေထွေရွေးကောက်ပွဲကိုဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေဟာ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံကာ ကတိစကားတွေနဲ့ စတင် မဲဆွယ်စည်းရုံးနေပါတယ်။

USDP, PPP နဲ့ PP တို့ဟာ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တစ်ချို့မှာ ဆိုင်းဘုတ်တွေစိုက်ထူ​​နေတဲ့အပြင် မဲဆန္ဒရှင်တွေကို ဂတိဂဝတ်တွေနဲ့ စတင်မဲဆွယ်နေတယ်လို့ မဲဆန္ဒရှင်တွေဆီက သိရပါတယ်။

သာကေတမြို့နယ်က ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ USDP ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးအောင်က  “ရပ်ကွက်အလိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်ဆုံးဆောင်ရွက်ပေးမယ် ပညာရေးကျန်းမာရေးကောင်းအောင်ဆောင်ရွက်ပေးမယ်” ဟု ကတိစကားပေးထပါတယ်။

​ဒေသဆိုင်ရာ စိန်ခေါ်မှု အခွင့်အလမ်းတွေကို ကိုယ့်ဒေသ ကိုယ်မဲဆန္ဒနယ်တွေကိုဖော်ထုတ်ပြီးရင် ဒ.တွေဆောင်ရွက်ပေးမယ်ဆိုတာကို ကိုယ်စားလှယ်လောင်းတွေက မဲဆန္ဒရှင်ပြည်သူလူထုကို ရှင်းလင်းတင်ပြကြဖို့ မြောက်ဥက္ကလာ ၆ ကွေ့ အောင်နိုင်ရေး ဆိုင်းပုဒ်တင်ပွဲမှာ ဒေါက်တာသက်သက်ခိုင်မှာကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ပါတီကလည်း ရန်ကုန်တိုင်းထဲက မြို့နယ်တစ်ချို့မှာ ဆိုင်းဘုတ်တင်တာတွေပြုလုပ်နေပါတယ်။