(နိုင်ငံတကာ) နိုဝင်ဘာ ၂
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် အောက်တိုဘာလအတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၃ ဦးထိ မြင့်တက်လာပြီး ၁၁ ဦး ပျောက်ဆုံးနေသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

မိုးရွာသွန်းမှုရပ်တန့်သွားသဖြင့် ရေကြီးရေလျှံမှုအခြေအနေ အနည်းငြိမ်သွားကာ ဟွေအန်းမြို့မှ ဒေသခံ များသည် ရေမျက်နှာပြင် ကျဆင်းလာသည်နှင့်အမျှ ပြန်လည်ထူထောင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗီယက်နမ်အလယ်ပိုင်းဒေသတွင် ရေကြီး မှုများဖြစ်ပွားခဲ့ပြီး ယူနက်စကိုစာရင်းဝင် ရှေးဟောင်းအင်ပါယာမြို့တော် ဟွေးနှင့် ဟွေအန်းတို့သည် အဆိုးရွားဆုံး ထိခိုက်ခဲ့ရသည်ဟု သိရသည်။
ရေကြီးရေလျှံမှုကြောင့် အိမ်အချို့မှာ ခေါင်မိုးထိ နစ်မြုပ်ခဲ့ရပြီး လက်ရှိတွင် သေဆုံးသူ ၁၃ ဦးရှိကာ ၁၁ ဦး ပျောက်ဆုံးနေပြီး အိမ်ခြေပေါင်း ၁၁၆,၀၀၀ ကျော်နှင့် သီးနှံဧရိယာ ၅,၀၀၀ ဟက်တာ ရေလွှမ်းမိုးခံခဲ့ရသည်။
လမ်းများနှင့် ရထားလမ်းများ ပျက်စီးခဲ့ကာ နေရာအတော်များများတွင် ယာဉ်ကြော ပိတ်ဆို့မှုနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း အေဂျင်စီက အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။