(ပြည်တွင်း) အောက်တိုဘာ ၃၁

မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အဖြစ် နှစ်နိုင်ငံမှ နှလုံးရောဂါ ဆရာဝန်များပူးပေါင်းပြီး မွေးရာပါနှလုံးရောဂါလူနာ ကလေးငယ် များကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
အဆိုပါအခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်က ရန်ကင်းကလေးဆေးရုံးကြီးမှာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဆေးရုံသို့လာရောက်ကုသတဲ့ မွေးရာပါနှလုံးရောဂါလူနာ ကလေးငယ် ၂၈ ဦးကို ကျန်းမားရေးစောင့်ရှောက်မှု ပေးခဲ့ခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ခွဲစိတ်ကုသရန် လိုအပ်နေတဲ့ ကလေးလူနာများကို ယူနန်ပြည်နယ်ရှိ “ဖူးဝေ” ဆေးရုံသို့ အခမဲ့ခေါ်ဆောင်ကုသပေးမည်ဖြစ်ကြောင်း သိရပါတယ်။
နှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်ကို ယူနန်ပြည်နယ် နိုင်ငံခြားရေးဌာနမှ ထောက်ပံလှူဒါန်းပြီး မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်း၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ ရက်ကလည်း ရန်ကင်းကလေး ဆေးရုံကြီးမှ ကုသနေတဲ့ အသက် ၆ လ မှ ၉ နှစ်အရွယ် မွေးရာပါနှလုံးရောဂါ လူနာကလေးငယ် တစ်ဦးချင်စီကိုလည်း ၃ လစာ ဖြည့်စွက်စာအာဟာရများ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
#PAN