(အားကစား) အောက်တိုဘာ ၃၁

မြန်မာဖိုက်တာ သန့်ဇင် ဟာ နိုဝင်ဘာလ ၇ ရက်မှာကျင်းပမယ့် ONE Friday Fights (132) ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်နဲ့ ထိုးသတ်သွားမှာဖြစ်ကြောင်း ONE Championship က အတည်ပြုထုတ်ပြန်ထား ပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်မွေထိုင်းဖိုက်တာ ခွန်ပွန်နွိုင်ဟာ ONE Friday Fightsမှာ ၉ ပွဲထိုးထားပြီး ၇ ပွဲနိုင်၊ ၂ ပွဲသာရှုံးနိမ့်ထား ပါတယ်။
ခွန်ပွန်နွိုင် ဟာ မြန်မာဖိုက်တာတွေဖြစ်တဲ့ ဆွန်ရက်နဲ့ မိုးထက်အောင် တို့ကိုလည်း အနိုင်ရထားသူဖြစ်ပါတယ်။ ခွန်ပွန်နွိုင် ဟာ နောက်ဆုံးပွဲကို ပြီးခဲ့တဲ့သြဂုတ်လတုန်းက မော်ရိုကိုဖိုက်တာနဲ့ ထိုးသတ်ထားပြီး အမှတ်နဲ့ အနိုင်ရရှိထား ပါတယ်။
အသက် ၂၁ နှစ်သာရှိသေးတဲ့ သန့်ဇင် က ONE Friday Fights မှာ ၅ ပွဲထိုးသတ်ထားပြီး ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။ သန့်ဇင် ဟာ ONE Friday Fights မှာ ၃ ပွဲဆက်တိုက်ရှုံးနိမ့်ထားတာကြောင့် အခုပွဲမှာသာ ဆက်ပြီး ရှုံးပွဲကြုံတွေ့ခဲ့မယ်ဆိုရင် နောက်ထပ်ပွဲရဖို့က ခက်ခဲသွားနိုင်ပါတယ်။
#PAN