အစ္စရေးနိုင်ငံတောင်ပိုင်း၌ အထူးအခြေအနေကြေညာခြင်းအား ရုပ်သိမ်းမည်

(နိုင်ငံတကာ) အောက်တိုဘာ ၂၉

အစ္စရေးနိုင်ငံတောင်ပိုင်း၌ အထူးအခြေအနေကြေညာခဲ့ခြင်းအား ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း တာဝန်ရှိ သူများက အောက်တိုဘာလ ၂၇ ရက်တွင် ပြောကြားသည်။

အစ္စရေးတပ်မတော်၏အကြံပြုချက်အရ အထူး အခြေအနေကြေညာထားခြင်းကို အောက်တိုဘာလ ၂၈ ရက်နံနက်ပိုင်းမှစတင်၍ ရုပ်သိမ်းမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ကပြောသည်။

နိုင်ငံတောင်ပိုင်းတွင် လုံခြုံရေးအခြေအနေ ကောင်းလာသည့် အတွက် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

လက်ရှိအချိန်တွင် ဓားစာခံများ ပြန်လည်လွတ်မြောက်လာခြင်းနှင့်အတူ ဟားမတ်စ်အဖွဲ့၏ လက်နက်များ ကို ဖျက်ဆီးခဲ့ကာ ဂါဇာဒေသကိုလည်း စစ်မက်ကင်းသည့်ဒေသတစ်ခုဖြစ်လာစေရေး ဆောင်ရွက်ခဲ့ကြောင်း အစ္စရေးကတ်က ပြောသည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဂါဇာဒေသတွင်တိုက်ခိုက်မှုများ ဆောင်ရွက်ခြင်းကို အစ္စရေးက ခွင့်ပြုမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။

လွတ်လပ်သည့်နိုင်ငံဖြစ်သည့် အစ္စရေးနိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်က ဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။