(ပြည်တွင်း) အောက်တိုဘာ ၂၂
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာက ဆန်စက်မှာ ဘွိုင်လာအိုးပြုပြင်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ သေဆုံးဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဆန်စက်ဘွိုင်လာအိုးပေါက်ကွဲမှုဟာ အောက်တိုဘာလ ၂၁ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားတာလို့လည်း သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ဘွိုင်လာအိုးပြုပြင်နေတဲ့ အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကတော့ “ဒဏ်ရာရရှိတဲ့သူတွေကတော့ စိုးရိမ်စရာမရှိတော့ပါဘူး”လို့ မှတ်ချက်ပြုထားပြီး ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
#PAN