(ပြည်တွင်း) အောက်တိုဘာ ၂၁
တပ်မတော်ရဲ့ထိုးစစ်ကျောက် တအောင်းလက်နက်ကိုင်သောင်းကျန်းသူ TNLA တွေထွက်ပြေးသွားပြီးတဲ့ ကျောင်း တွေကို မိုင်းရှင်းလင်းရေးနဲ့ သန့်ရှင်းရေးပြုလုပ်ခဲ့ပြီးနောက် ကျောင်းတွေစတင်ဖွင့်လှစ်နိုင်ဖို့ ကျောင်းအပ်လက်ခံမှုတွေစတင်နေပြီလို့သိရပါတယ်။

သီပေါမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ဒီနေ့မနက်ပိုင်းကစတင်ကာ ကျောင်းနေအရွယ်ကလေးတွေကို တန်းစဉ်အလိုက် စတင်ကျောင်းအပ်လက်ခံခဲ့ရာ ကျောင်းလာရောက်အပ်နှံသူ ကျောင်းသား/ကျောင်းသူ ၁၁၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ကျောင်းလာရောက်အပ်နှံတဲ့ ကျောင်းသား/ ကျောင်းသူတွေကို ပညာရေးဝန်ကြီးဌာနက ကျောင်းသုံးစာအုပ်တွေ စာရေးကိရိယာတွေနဲ့ ထောက်ပံ့ပစ္စည်းတွေကို တစ်ပါတည်းအခမဲ့ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ကို အလုံးစုံပြန်လည် ထိန်းချုပ်ရရှိပြီးချိန်မှာ အစိုးရရဲ့အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်တွေ ပညာသင်ကြားနိုင်ရေးနဲ့ ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်ရေးအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
သီပေါမြို့နဲ့ အနီးတဝိုက်ဒေသတစ်ဝိုက်တွေက ကျောင်းသား၊ကျောင်းသူတွေရဲ့ ပညာရေးကဏ္ဍ ထိခိုက်နစ်နာမှုမရှိစေဖို့ စာသင်ကျောင်းတွေ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးဖို့ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
#PAN