ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၅၆ မြို့နယ်ကို ကြားဖြတ်ရွေးကောက်ပွဲအဖြစ် ကျင်းပပေးမည်


(ပြည်တွင်း) အောက်တိုဘာ ၂၁

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၅၆ မြို့နယ်များကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမှာဖြစ်ပြီး အဆိုပါမြို့နယ်များရှိ မဲဆန္ဒရှင်များအနေနဲ့ ရွေး‌ကောက်ပွဲပြန်လည်ကျင်းပပေးချိန်မှာ မဲပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ်မှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

လက်ရှိ ပထမအကြိမ်မဲစာရင်းများကြေညာခြင်းကို ဆောင်ရွက်ထားပြီး ယာယီနေရပ်စွန့်ခွာနေရသူများ မဲပေးနိုင်ရေးအတွက် ရောက်ရှိနေရာမှာ မဲပေးနိုင်ရေးနှင့် မူလနေရပ်သို့ ကြိုတင်မဲပေးနိုင်ရန် နည်းလမ်းနှစ်မျိုးနဲ့ ဆောင်ရွက်ပေးနေကြောင်းလည်း သိရပါတယ်။

မဲစာရင်း ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ စိစစ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများသို့ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း UEC က အသိပေးထားပါတယ်။

လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

PAN