ဟောင်ကောင်မှာ ကုန်တင်လေယာဉ်တစ်စီး ပြေးလမ်းချော်လို့ လူနှစ်ဦး

(နိုင်ငံတကာ) အောက်တိုဘာ ၁၉

ဒူဘိုင်းက ပျံသန်းလာတဲ့ ကုန်တင်လေယာဉ်တစ်စင်းဟာ ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့ တနင်္လာနေ့အစောပိုင်းက ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်စဉ် ပြေးလမ်းကနေ ပင်လယ်ထဲကို လမ်းချော်သွားခဲ့တယ်လို့ မြို့တော်ရဲ့လေဆိပ်အော်ပရေတာက ပြောပါတယ်။

မတော်တဆမှုဖြစ်ပြီးနောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ တက်ဘ် 747 ကုန်တင်လေယာဉ်အသစ် AirACT livery ဟာ လေဆိပ်ရဲ့ပင်လယ်​ရေတား နံရံအနီး ရေထဲမှာပျက်ကျနေတာကိုတွေရပြီး လေယာဥ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ရေအောက်နစ်မြုပ်နေသလို ခေါင်းနဲ့ အမြီးပိုင်းတွေကလည်း တစ်ပိုင်းစီဖြစ်နေတာတွေ့ရပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လေယာဉ်အမှုထမ်း လေးဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဟောင်ကောင်လေဆိပ်က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေဟာ ပြေးလမ်းအနီးက ယာဉ်တစ်စီးအတွင်းမှရှိနေတဲ့သူတွေဖြစ်ပြီး အဲ့ဒီယာဥ်ကို လေယာဉ်က ထိမှန်တာကြောင့် သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး South China Morning Post က ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သီးခြား မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ရဲတပ်ဖွဲ့က ချက်ချင်းတုံ့ပြန်ထာယတာမကှိသေးပါဘူး။

အခင်းဖြစ်ပွားပြီးနောက် ကမ္ဘာ့အစည်ကားဆုံး လေဆိပ်ရဲ့ မြောက်ဘက် ပြေးလမ်းကို ပိတ်လိုက်တယ်လို့ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ပြောကြားခဲ့ပြီး တောင်ဘက်နဲ့ အလယ်ပိုင်း ပြေးလမ်းတွေကိုတော့ ပုံမှန်ဖွင့်လှစ်ထားတယ်လို့ ပြောပါတယ်။

ဒီမတော်တဆမှုဟာ တနင်္လာနေ့ ဟောင်ကောင်စံတော်ချိန် မနက် နာရီ ၅၀ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။

ပျက်ကျသွားတဲ့ လေယာဉ် EK9788 ဟာ ACT လေကြောင်းလိုင်းက ငှားရမ်းလုပ်ကိုင်နေတဲ့ Boeing 747 ကုန်တင်လေယာဉ် တစ်စီးဖြစ်တယ်လို့ သိရပါတယ်။

#PAN