
(ပြည်တွင်း) အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် လိပ်တိုက်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံပြည်သူတစ်ဦးကို PDF အကြမ်းဖက်တွေက ဒလန်ခေါင်းစဉ်တပ်ကာ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
တောင်တွင်းကြီးမြို့နယ်၊ ဆင်ကျကျေးရွာမှာနေထိုင်တဲ့ ဦးတင်စိုး(၅၀)နှစ်ဟာ လိပ်တိုက်ကျေးရွာနေ ဆင်ကျကျေးရွာကို တစ်ဦးတည်း နွားလှည်းနဲ့ ပြန်လာစဉ် လိပ်တိုက်ကျေးရွာအပြင်ဘက်အရောက်မှာ အသင့်စောင့်နေတဲ့ PDF အကြမ်းဖက်သမား သုံးဦးက ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်မှာ တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်ကျေးရွာအနီးမှာသေနတ်နဲ့ ပစ်ခတ်ခံရကာ အမျိုးသား တစ်ဦး သေဆုံးနေတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာကနေ သိရှိခဲ့တာလို့ သိရပါတယ်။
အဲဒီနေ့ မနက် ၁၀ နာရီခွဲခန့်က PDF အကြမ်းဖက်တွေပစ်ခတ်ခဲ့တဲ့ ဦးတင်စိုးဟာ ကျည်ထိမှန် ဒဏ်ရာတွေရရှိကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။