
(ပြည်တွင်း) အောက်တိုဘာ ၁၄
မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းဝဒေသက လက်ရှိမှာ ခရီးသွားလာရောက်သူ နည်းပါးလျက်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အင်းဝဒေသရှိ လာရောက်လည်ပတ်လေ့ရှိကြတဲ့ မယ်နုအုတ်ကျောင်းအပါအဝင် ရှေးဟောင်းကျောင်းအဆောက်အဦများ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။
သို့သော် ဒေသခံများနှင့် အဖွဲ့အစည်းများက ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦနေရာများကို ရှင်းလင်းပြီး ဖြစ်ပါတယ်။
ငလျင်ကြီးဒဏ်ကြောင့် ငလျင်ပြန်လည်ထူထောင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေရှိနေသော်လည်း အရေးပေါ်အကူအညီများက ဆက်လိုနေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။
မန္တလေးငလျင်ကြီးကြောင့် လူဦးရေ ၃,၇၀၀ နီးပါးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၅,၀၂၀ နှင့် ပျောက်ဆုံးသူ ၁၄၁ ဦးရှိကြောင်းလည်း အစိုးရက ထုတ်ပြန်တဲ့ စာရင်းများအရ သိရပါတယ်။
#PAN